ပိုမိုကောင်းမွန်၍ ပြည့်စုံသော App ကို သုံးပါ။

MyanLearn Logo

#1 Myanmar's Online Learning Platform

featured_image

Personal Development

,

ဝါသနာ နှင့် စိတ်ပါဝင်စားမှု

ဘဝအတွက် အကျိုးရှိအောင် စာဖတ်နည်း

profile_pic

MyanLearn

07 Oct, 2021

53 Saves

106 Love

40 Shares

စာဖတ်တယ် ဆိုတာ စကားလုံးတွေထဲမှာ ခရီးသွားနေသလို ခံစားရင်း နစ်မြုပ်နေရသလို ကိုယ့်ဘဝကိုလည်း ကိုယ်တိုင် နောက်တခါ အလည်လာလိုက်ရသလိုပါပဲ တဲ့။

ဆိုလိုတာက ခံစားမှုသပ်သပ် ပုံဖော်နေရတာမျိုး မဟုတ်ဘဲ ကိုယ့်လက်ရှိဘဝကိုပါ ထင်ဟပ်စေတာမျိုးပါ။ ဒါကြောင့် စာဖတ်တဲ့အခါ စိတ် အတွက်အဟာရ၊ သုတ၊ရသ အစုံအလင် ယူတတ်အောင်အပြင် ကိုယ်ပိုင်ဘဝမှာ လက်တွေ့ အသုံးချနိုင်အောင် အကျိုးရှိရှိ စာဖတ်သင့်ပါတယ်။

“ MyanLearn စာအုပ်အနှစ်ချုပ် ” နဲ့ပတ်သက်ပြီး အသေးစိတ်မေးမြန်းလိုပါက 

MyanLearn App ရဲ့ hotline နံပါတ် 09 777971606 (သို့) 

FB Page Messenger (m.me/myanlearn) မှာလည်း တိုက်ရိ ုက်ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။ 

MyanLearn App မရှိသေးသူတွေလည်း အောက်ကလင့်ခ်မှာ ဒေါင်းလုပ်ဆွဲပြီး MyanLearn စာအုပ်အနှစ်ချုပ် ” ရဲ့ စာအုပ်တစ်အုပ်ကို အခမဲ့ မြည်းစမ်းဖတ်ရှုနိုင်ပါတယ်။ 

Download လုပ်ရန် 

Andriod - https://bit.ly/MLw_20211008 

iOS - https://bit.ly/MLFB_i20211008  

ဒီတော့ ကိုယ့် ဘဝကို ပိုမို ကောင်းမွန်လာအောင် အကျိုးရှိအောင် စာကို ဘယ်လို နည်းမျိုးတွေနဲ့ ဖတ်ရပါ့မလဲ 

✔️ လက်ရှိနဲ့ ကိုက်ညီတဲ့ စာအုပ်ကို ရှာဖွေပါ။

လူတွေဟာ ခန္ဓာကိုယ် ကြံ့ခိုင်ကျန်းမာဖို့လေ့ကျင့်ခန်းလုပ်တဲ့အခါ 

ခန္ဓာကိုယ်အတွက် ကိုက်ညီတဲ့ လေ့ကျင့်မှု မျိုးကိုမှ ရွေးချယ်သလိုပဲ စိတ် ကျန်းမာ ကြံခိုင်ဖို့ ဘဝအတွက် အကျိုးရှိစေဖို့ စာဖတ်တဲ့အခါမှာလည်း ကိုယ်နဲ့ လက်ရှိ ကိုက်ညီတဲ့ စာအုပ်မျိုးကို လေ့လာ ရှာဖွေ တတ်ဖို့လိုပါတယ်။ ဥပမာ အားဖြင့် ကိုယ် ပေါင်းသင်းဆက်ဆံရေးမှာ အဆင်မပြေဖြစ်နေတာမျိုး စိတ်ဓာတ်ကျနေတာမျိုး၊ ဘဝအဓိပ္ပာယ်ပျောက်နေတာမျိုး ဘယ်လို အခြေအနေမျိုးမှာဆို ဘယ်လို စာတွေ ဖတ်သင့်တယ်ဆိုတာ သူငယ်ချင်းတွေထံက ဖြစ်စေ၊ အွန်လိုင်းကဖြစ်စေ၊ စာအုပ်ဆိုင်တွေမှာဖြစ်စေ ရှာဖွေ အကြံယူ ဖတ်ရှုပါ။ ဒါမှလည်း ပြဿနာကို ခဏမေ့ရုံ အပန်းဖြေတာမျိုးထက် ကိုယ့်အတွက် စာပေမှတဆင့် နည်းလမ်း သင်ခန်းစာယူရင်း ပြင်ဆင်နိုင်မှာပါ။

✔️ မြန်မြန်မဟုတ်ဘဲ မှန်မှန်ဖတ်ပါ။

တစ်ပတ်အတွင်း၊ တစ်လအတွင်း စာအုပ် ဘယ်နှအုပ်ပြီးအောင်ဖတ်ရမယ်ဟေ့ ဆိုတဲ့ ရည်မှန်းချက်မျိုးထားတာက ကောင်းပါတယ်။ ပြီးအောင် ဖတ်ရှုနိုင်ရင် ပိုကောင်းပါတယ်။ ဒီထပ်ကောင်းတာက ကိုယ်ဖတ်သမျှတွေကို ကိုယ့်ဘဝမှာ အသုံးပြန်ချနိုင်ဖို့ ဘာတွေဖတ်ပြီးပြီဆိုတာထက် ဖတ်ရင်း ဘာတွေ ရလိုက်တယ် ဆိုတာမျိုးက ပို အကျိုးရှိ တန်ဖိုးရှိစေတာပါ။

✔️ အတွေးအမြင်တွေကို လေ့လာပါ။

လူတစ်ယောက်နဲ့ တစ်ယောက် စာဖတ်ပုံ ကွာခြားသလို စာဖတ်ခြင်းကနေ ရတဲ့ အသိပညာဗဟုသုတချင်းလည်း တူမလိုလိုနဲ့ ကွာခြားသွားတတ်ကြပါတယ်။ ဒါမျိုးက စာဖတ်သူအချင်းချင်း အတွေးအမြင် ဖလှယ်တဲ့ အခါမျိုးမှာ ပိုသိသာတတ်ပါတယ်။ ဒါကြောင့် ကိုယ် ဒီစာအုပ်ကိုဖတ်ပြီး ဒီလိုမြင် ဒီလိုယူလိုက်ပေမယ့် အခြား ကိုယ့်လို စာဖတ်သူတွေကရော ဘယ်လို အတွေးအမြင်တွေနဲ့ ပိုနယ်ချဲ့ မြင်ကြသလဲ ဆိုတာမျိုးကို စကားနဲ့ ဖြစ်စေ၊ စာတွေလိုက်ရှာဖတ်ရင်းဖြစ်စေ အတွေးအမြင်ကောင်းတွေကို လေ့လာခြင်းဖြင့် ကိုယ်တိုင်လည်း ဘောင်အပြင် ကနေ တွေးခေါ်တတ်တဲ့ စွမ်းရည် ရလာပါလိမ့်မယ်။

✔️ လက်တွေ့ဘဝမှာ အသုံးချပါ။

အကျိုးရှိအောင် စာဖတ်တယ်ဆိုတာ အဓိက ရည်ရွယ်ချက်က လက်တွေ့ဘဝမှာ အသုံးချဖို့ပါ။ ဘာကြောင့်ဆို အကျိုးရှိစေမယ့်အရာတွေကို သိနေပြီး အသုံးမချတတ်တာက မသိတာနဲ့ ဘာမှ ထူး မသာ နေပါဘူး။ ဥပမာ ကိုယ်က ဘဝအတွက် ပျော်ရွှင်အောင် နေထိုင်နည်း ဆိုတာမျိုးတွေ ဖတ်လိုက်တယ်။ ဘယ်လို ဘယ်ပုံတွေ ပေါင်းသင်းဆက်ဆံ ရင်းနေထိုင် လိုက်နာရမလဲဆိုတာတွေ ဖတ်ရမှတ်ရလိုက်တယ်။ ဒါတွေကို လက်တွေ့ နေ့စဉ်ဘဝမှာ သင့်တော်သလို ပြန်လည် အသုံးမချတတ်သရွေ့ကတော့ ကိုယ်က စာပဲ ဖတ်နေရုံသက်သက်ပါပဲ။ စာပေကရတဲ့ အသိပညာဆိုတာ အသုံးချဖို့ပါ။

Get MyanLearn Now

✔️ ပြန်လည် ခံစားဖတ်ကြည့်ပါ။

စာအုပ်ဆိုတာ တစ်ခါ ဖတ်ပြီး ပြီးသွားတာမျိုး မဟုတ်ပါဘူး။ ထပ်ခါ ထပ်ခါ ဖတ်လေ ဗဟုသုတပိုရလေ၊ ခံစားချက်အသစ်တွေရလေ၊ အတွေးအမြင်တွေ ကျယ်လာလေ ဒီလို စာအုပ်မျိုးတွေ အများအပြားပါ။ 

✔️ စာအုပ်အနှစ်ချုပ်တွေ ဖတ်ကြည့်ပါ။

အချိန်မပေးနိုင်တဲ့အခါမျိုးတွေ၊ စိတ်စုစည်းလို့မရတဲ့အချိန်တွေ၊ စာဖတ်ချင်နေပါရက် စာမျက်နှာ အများအပြားတွေကို ဖတ်ဖို့ လက်လျှော့လိုက်ရတဲ့သူတွေ အတွက်ဆို ဘဝမှာ အကျိုးရှိစေမယ့် နည်းလမ်း အနှစ်သာရတွေကို အနှစ်ချုပ်ရေးသားထားတဲ့ စာအုပ်နှစ်ချုပ်တွေ ရှိပါတယ်။ 

ဥပမာ - MyanLearn အနှစ်ချုပ် စာအုပ်တွေဆို စာအုပ်တစ်အုပ်လုံးဖတ်ရသလို အချိန် ပျမ်းမျှ နာရီဝက်မှ တစ်နာရီအတွင်းသာ ကြာမြင့်မှာ ဖြစ်ပြိး Audio Book နဲ့လည်း အသံဖိုင်တွေ နားထောင်နိုင်သေးတာဖြစ်လို့ စာဖတ်ပြနေသလို၊ သူငယ်ချင်း တစ်ယောက်အနားမှာ ဘဝအတွက် အနီးကပ် အကြံပေးနေသလို ခံစားနေရမှာမို့ အချိန်တိုအတွင်းနဲ့ ကိုယ့်အတွက် အကျိုးရှိစေမယ့် နည်းလမ်းကောင်းတွေကို ရှာဖွေနိုင်မှာပါ။


 

“ MyanLearn စာအုပ်အနှစ်ချုပ် ” နဲ့ပတ်သက်ပြီး အသေးစိတ်မေးမြန်းလိုပါက 

MyanLearn App ရဲ့ hotline နံပါတ် 09 777971606 (သို့) 

FB Page Messenger (m.me/myanlearn) မှာလည်း တိုက်ရိ ုက်ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။ 

MyanLearn App မရှိသေးသူတွေလည်း အောက်ကလင့်ခ်မှာ ဒေါင်းလုပ်ဆွဲပြီး MyanLearn စာအုပ်အနှစ်ချုပ် ” ရဲ့ စာအုပ်တစ်အုပ်ကို အခမဲ့ မြည်းစမ်းဖတ်ရှုနိုင်ပါတယ်။ 

Download လုပ်ရန် 

Andriod - https://bit.ly/MLw_20211008 

iOS - https://bit.ly/MLFB_i20211008  

Get MyanLearn Now
Learn English Online

Learn English Online

သင်တန်းရှာမယ်။

သင်တန်းရှာမယ်။

ကူညီရေးသားသူ

profil_image

MyanLearn

Follow

သင့်အတွက် စိတ်ဝင်စားဖွယ် သင်တန်းများ

cover
profile_image

1000000 ကျပ်

Flamingo American English Language Center

Rose Gold Member Course

cover
profile_image

350000 ကျပ်

Star University Myanmar

Ship's Cook Training Course

cover
profile_image

350000 ကျပ်

World Training Center- WTC

Professional Barista Class

cover
profile_image

350000 ကျပ်

World Training Center- WTC

Bakery Professional Class

cover
profile_image

320000 ကျပ်

Myanmar Online Entrepreneur - MOE

Facebook Master Course

အလားတူ စိတ်ဝင်စားဖွယ် ဆောင်းပါးများ

အားလပ်ချိန်မှာ အင်္ဂလိပ်စကားပြော လေ့လာတော့မယ်ဆိုရင် ဘယ်လိုအချက်တွေလိုက်နာရမလဲ ??

အင်္ဂလိပ်စကားပြော ကျွမ်းကျင်အောင် သေချာ စနစ်တကျ စလေ့လာမယ်

featured_image

MyanLearn

22 Nov, 2021

30

86

47

အင်္ဂလိပ်စွမ်းရည်ကြောင့် လုပ်ငန်းတိုးတက်စေနိုင်တဲ့ အကျိုးကျေးဇူးများ

အင်္ဂလိပ်စွမ်းရည်မှ လုပ်ငန်းခွင်စွမ်းရည် တိုးတက်ခြင်းစီသို့

featured_image

MyanLearn

16 Nov, 2021

4

8

3

"ညှိနှိုင်းသဘောတူ လက်ခံမှုယူ" စာအုပ်အနှစ်ချုပ်လေးကို Videoလေး နှိပ်ပြီး အစမ်းနားထောင်လိုက်ပါ။

"ညှိနှိုင်းသဘောတူ လက်ခံမှုယူ"

featured_image

MyanLearn

16 Nov, 2021

8

23

18

MyanLearn

အခန်းနံပါတ် ၇ အေ၊ တိုက်အမှတ် ၅၊ အရှေ့ရွှေဂုံတိုင်လမ်း၊
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့

MyanLearn နဲ့ အနီးကပ်လေး ရှိချင်ရင်..