ပိုမိုကောင်းမွန်၍ ပြည့်စုံသော App ကို သုံးပါ။

MyanLearn Logo

#1 Myanmar's Online Learning Platform

featured_image

စိတ်ဓာတ်ခွန်အား

,

Personal Development

“ ဒါကြီးပြီးရင် ” ဆိုတဲ့ကာလမှာ ဘာကြောင့် စာပိုဖတ်သင့်တာလဲ

profile_pic

MyanLearn

07 Sep, 2021

18 Saves

30 Love

15 Shares

မိတ်ဆွေတွေကလည်း “ ဒါကြီးပြီးရင် ” ငါတို့ အတူဆုံကြမယ်ကွာ။ လုပ်ငန်းရှင်ကလည်း “ ဒါကြီးပြီးရင် ” တော့ လုပ်ငန်းထပ်တိုးချဲ့ရမယ်။ ကျောင်းသားတွေကလည်း “ ဒါကြီးပြီးရင် ” ကျောင်းသားလူငယ်ဘဝ လွတ်လပ်ခွင့်ကို အပြည့်အဝခံစားမယ်။ “ ဒါကြီးပြီးရင် ” သေချာပေါက်ခရီးထွက်ပစ်မယ်။ ဆိုပြီး စိတ်ထဲ အတွေးကိုယ်စီနဲ့ တေးထား၊ အားတင်းထားကြတယ်မလား။ အားလုံးလိုလိုက “ ဒါကြီး ” အောင်မြင်စွာနဲ့ အဆုံးသတ်သွားမယ့် ကာလကို မျှော်လင့်စောင့်ဆိုင်းနေကြတယ်။ ဒါပေမယ့် ဘာမှမလုပ်ဘဲ ထိုင်စောင့်နေလို့လည်း မဖြစ်ဘူးလေ။ အဲ့တာကြောင့် “ ဒါကြီးပြီးရင် ” ဆိုတဲ့ကာလမှာ ဘာကြောင့် စာပိုဖတ်သင့်တာလဲ ဆိုတဲ့ဆောင်းပါးလေးကို ရေးသားလိုက်ပါတယ်။

တစ်နိုင်တစ်ပိုင် ကိုယ်အားတဲ့အချိန်လေးမှာ စာဖတ်ချင်သူတွေ၊ အသံသွင်းစာအုပ်တွေ ဖတ်ရှုနားဆင်လိုသူတွေ၊ Online / Offline သင်တန်းတွေကို တစ်နေရာတည်းမှာပဲ ရှာဖွေချင်တယ်ဆိုရင်တော့ တခြားလျှောက်ကြည့်မနေ ပါနဲ့။ MyanLearn App လေးကိုသာ ပြေးသတိရလိုက်ပါ။ App မရှိသေးဘူးဆိုရင် အခုပဲ ‌အောက်ကလင့်ခ်ထဲ ဝင်ပြီး ဒေါင်းလုပ်ခ်ဆွဲယူလိုက်နော်။

Android: https://bit.ly/MLw_20210904 

iOS: https://bit.ly/MLFB_i20210904  

၁ ) စိတ်ဖိစီးမှု သက်သာရာရစေတယ်။

သိပြီးသားတွေပဲ ထပ်တလဲလဲ ပြန်ပြောနေတာတော့ မဟုတ်ပါဘူး။ အခုလက်ရှိမှာ အလုပ်လက်မဲ့ ဦးရေတိုးလာ တယ်။ စားဝတ်နေရေး ပိုခက်ခဲကြပ်တည်းလာတယ်။ ကျန်းမာရေးအတွက်ရော အသက်အိုးအိမ်လုံခြုံမှု အတွက်ပါ စိုးရိမ်ထိတ်လန့်နေရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်။ ဒီလိုမျိုး အဘက်ဘက်က ထိုးနှက်မှု ဒဏ်တွေကြောင့် လူတွေရဲ့စိတ်ပိုင်းဆိုင်ရာက အထိမခံရွှေပန်းကန်လိုပါပဲ။

အဲ့တာနဲ့စာဖတ်တာနဲ့ ဘာဆိုင်လဲဆို။ သိပ်ဆိုင်တာပေါ့ဗျာ။ စာဖတ်တယ်ဆိုတဲ့နေရာမှာ ဟာသ၊ ပညာပေး၊ လျှို့ ဝှက်သည်းဖို စတဲ့အမျိုးအစားများစွာဖြစ်နိုင်ပါတယ်။ အခက်အခဲများစွာထဲကမှ ကိုယ်သဘောကျတဲ့ စာအုပ် အမျိုးအစားကို ဖတ်နိုင်လိုက်ခြင်းက ကိုယ့်အတွက် စိတ်သက်သာရာရစေတယ်မဟုတ်လား။ စိတ်ညစ်လို့ ဟာသကား ခဏကြည့်ချိန် စိတ်အပန်းပြေသွားသလို စာအုပ်ဖတ်ခြင်းကလည်း အခုလို စိတ်ဖိစီးမှုကို သက်သာ ရာရအောင် ကူညီပေးနိုင်ပါတယ်။ အဲ့တော့ “ ဒါကြီးပြီးရင် ” ဆိုတဲ့ကာလမှာ ဘာကြောင့်စာ ပိုဖတ်သင့်လဲကို သိရှိနိုင်မယ်လို့ ထင်ပါတယ်။

၂ ) ကိုယ်တိုင်နှင့်တခြားသူတွေအပေါ်မှာ ပိုနားလည်လက်ခံပေးနိုင်လာတယ်။

အခုချိန် မိသားစုအတွင်းမှာ ၊ လုပ်ဖော်ကိုင်ဖက်အချင်းချင်းကြားမှာ ၊ သူငယ်ချင်းတွေကြားမှာ အရင်ကထက် ပိုနားလည်ပေးတတ်ဖို့လိုပါတယ်။ အဲ့လိုမှမဟုတ်ရင် ဘာမဟုတ်တဲ့ကိစ္စလေးနဲ့ ကတောက်ကဆဖြစ်တာမျိုး၊ အချင်းပွား ရန်များတာမျိုးတွေ ဖြစ်လာနိုင်လို့ပါပဲ။ အားလုံးက စိတ်ရှုပ်နေကြချိန်ကိုး။

ဒါကိုစာဖတ်ခြင်းနဲ့ဆက်စပ်ပြီး ပြောမယ်ဆို စာဖတ်တဲ့အခါ ဇာတ်ကောင်စရိုက်မျိုးစုံကို တွေ့နိုင်တယ်၊ အတွေး အမြင်ရှုထောင့်အသစ်တွေကို တွေ့ရတယ်။ ဒီအချက်တွေကပဲ ကျွန်တော်တို့တွေကို ကိုယ်ချင်းစာစိတ်ဖြစ်ပေါ် လာစေပါလိမ့်မယ်။ ကိုယ့်ဘေးနားမှာ ရှိတဲ့လူတွေကို ပိုနားလည်လက်ခံပေးနိုင်ပါလိမ့်မယ်။ ဒါကြောင့် “ ဒါကြီး ပြီးရင်” ဆိုတဲ့ ကာလမှာ ဘာကြောင့် စာပိုဖတ်သင့်တာလဲကို နားလည်မယ်လို့ ထင်ပါတယ်။

၃ ) ပြဿနာများကို ဖြေရှင်းနိုင်စွမ်းရှိလာမယ်။

“ ဒါကြီးပြီးရင် ” ဆိုတဲ့ကာလမှာ ပြဿနာတွေ တစ်ခုပြီးတစ်ခု ရှိလာတယ်မလား။ အခက်အခဲတွေကလည်း တစ်ခုပြီးတစ်ခု။ အလုပ်လက်မဲ့ဖြစ်လို့၊ အိမ်စရိတ်ပေးဖို့ လိုလို့၊ မိသားစုကို ပြန်ထောက်ပံ့ဖို့ ၊ ပညာရေး ဘယ်လို ရှေ့ဆက်ရပ့ါမလဲ စတဲ့ ပြဿနာတစ်ခုပြီးတစ်ခု ပေါ်လာကြတယ်မလား။

အဲ့တာနဲ့ စာဖတ်တာနဲ့ကို ဆက်စပ်ရမယ်ဆို စာအုပ်ထဲမှာ ခုခေတ်အခြေအနေကို ဖြတ်ကျော်ရတဲ့ ဇာတ်လမ်း ဇာတ်အိမ်တွေ ရှိတယ်၊ အလုပ်လက်မဲ့တွေလည်း တွေ့နိုင်တယ်၊ ပြဿနာတွေ၊ ဖြေရှင်းနည်းတွေ၊ စိန် ခေါ်မှုတွေ၊ သင်ခန်းစာတွေလည်း လေ့လာခွင့်ရလိမ့်မယ်။ ဒါတွေကို လေ့လာပြီး ကိုယ့်လက်တွေ့ ဘဝအတွေ့အကြုံနဲ့ စာအုပ် တွေထဲက သင်ခန်းစာ ကိုပေါင်းစပ်ပြီး အကောင်းဆုံး ဘယ်လိုဖြေရှင်းရမလဲ ဆိုတာ ပြင်ဆင်နိုင်လာမှာပဲ ဖြစ်ပါ တယ်။ အဲ့တော့ “ ဒါကြီးပြီးရင် ” ဆိုတဲ့ကာလမှာ ဘာကြောင့် စာများများဖတ်ဖို့ တိုက်တွန်းလဲ နားလည်မယ် ထင်ပါတယ်။

၄) အတွေးအခေါ်သစ်တွေ ရရှိနိုင်လာတယ်။

အခုကာလမှာ အကြံအိုက်နေကြမှာ သေချာပါတယ်။ ရှေ့ဆက်တိုးရမလား။ နောက်ဆုတ်သင့်လား။ ဒီအတိုင်း လေးပဲ ရေစုန်မျောနေရမလား စတဲ့ ဘာလုပ်လို့ လုပ်ရမှန်းမသိတဲ့ အနေအထားမှာ ရောက်နေကြတယ်။ ပြီးတော့ ဉာဏ်ကွန့် မြူးလုပ်နေရတဲ့သူလေးတွေဆိုလည်း အိမ်တွင်းအောင်းရတာကြာလာပြီမို့ အိုင်ဒီယာလန်းလန်းလေးတွေ မထွက်လာ တာမျိုးလည်း ဖြစ်နေတတ်ပါတယ်။ အဲ့တော့ ကျွန်တော်တို့တွေ “ ဒါကြီးပြီးရင် ” ဆိုတဲ့ ကာလကို စောင့်ဆိုင်းရင်း စာဖတ်ဖို့လိုပါတယ်။ အားလုံးသိတဲ့အတိုင်း စာဖတ်ခြင်းကနေ အတွေးအခေါ်ကောင်းလေးတွေ ရနိုင်လို့ပါပဲ။ အောင် မြင်တဲ့သူတွေ စာဘယ်လောက်ဖတ်လဲကြည့်ရင် စာဖတ်ခြင်းကနေ အတွေးအခေါ်သစ်တွေရနိုင်မယ်ဆိုတာ လက်ခံ မယ်ထင်ပါတယ်။ ဒါကြောင့် ဒီကာလမှာ စာများများဖတ်ဖို့ အကြံပြုလိုက်ပါတယ်။

Get MyanLearn Now

၅ ) နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေတယ်။

ညဘက်ကျရင် လူတိုင်း အတွေးနယ်ချဲ့တတ်တယ်။ အခုလိုကာလမျိုး ပိုဆိုးတာပေါ့။ မနက်ဖြန်ဘယ်လို ရှေ့ဆက် ရပါ့မလဲ။ အလုပ်ကရော ဘယ်လိုတွေဖြစ်လာမှာလဲ။ အိပ်ပျော်သွားပြီး မနက်မိုးလင်းသွားမှာကို ကြောက်နေမိ တယ်မလား။ ဒီလို ကျန်းမာရေးကို အထူးဂရုစိုက်နေရတဲ့ကာလမှာ ညစဉ်အိပ်ရေးပျက်တာ များလာရင် သေချာ ပေါက် ကိုယ့်ကျန်းမာရေးကို ထိခိုက်လာစေမှာပေါ့။ ဒီတော့ စိတ်လက်အပန်းဖြေတဲ့အနေနဲ့ရော အတွေးတွေ မများအောင် စာဖတ်ပါလို့ အကြံပြုချင်တယ်။ ဘာလို့ဆို မအိပ်ခင် စာဖတ်ခြင်းက လျင်မြန်စွာ အိပ်ပျော်နိုင် အောင် ကူညီပေးနိုင်လို့ပါပဲ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်လိုက်ရခြင်းက နောက်နေ့အတွက် အကောင်း ဆုံးရင်ဆိုင်နိုင်အောင် ပြင်ဆင်ပေးပြီး စိတ်ဖိစီးမှုကိုပါ လျော့ကျအောင် ကူညီပေးနိုင်ပါတယ်။

၆) ပိုမိုကောင်းမွန်လာမယ့် နေ့အတွက် အဆင်သင့်ဖြစ်နေစေမယ်။

အခုလိုကာလမျိုးမှာ စိတ်ရှုပ်စရာတွေ၊ အခက်အခဲတွေကိုပဲ အာရုံစိုက်ပြီး တခြားဘာမှမလုပ်ဘဲ ရပ်တန့်နေ တော့မလား။ အဲ့လိုလည်း မဖြစ်သေးဘူးလေ။ မနက်ဖြန်ဘာဖြစ်မလဲဆိုတာ ဘယ်သူကမှ မပြောနိုင်တော့ ကိုယ့်အတွက် အကျိုးရှိနိုင်မယ့် အရာလေးတွေကိုလည်း လုပ်ထားသင့်ပါတယ်။ ရေရှည်ကို ကြည့်ပြီး ကြိုတင်ပြင်ဆင်နိုင်ဖို့ စာများများဖတ်ထားဖို့လိုတယ်။ အတွေးအခေါ် အိုင်ဒီယာကောင်းတွေ ရှိထားရမယ်။ ဒါမှ အနာဂတ်အလင်းရောင်တွေ ပွင့်မယ့်နေ့၊ ပိုမိုကောင်းမွန်လာမယ့် နေ့အတွက် အဆင်သင့်ဖြစ်နေစေမှာပဲ ဖြစ်ပါတယ်။ ဒီကာလမှာလည်း ကြိုးစားနေသူတွေ အများကြီးမို့ အဆင်သင့်ဖြစ်နေအောင် စာဖတ်ပါလို့ အကြံပြုခြင်းပဲ ဖြစ်ပါတယ်။ အဲ့တော့ “ ဒါကြီးပြီးရင် ဆိုတဲ့ ကာလမှာ ဘာကြောင့် စာဖတ်ထားသင့်လဲ သိနိုင်မယ်လို့ မျှော်လင့်ပါတယ်။

အပေါ်က အချက်လေးတွေဖတ်ပြီး “ ဒါကြီးပြီးရင် ” ဆိုတဲ့ ကာလမှာ စိတ်ဓာတ်ကျမနေဘဲ ကိုယ် တတ်နိုင်၊ လုပ်နိုင်သလောက်လေးတွေ လုပ်ဖို့အကြံပြုလိုပါတယ်။ ကျွန်တော်အမြဲအမှတ်ရနေတဲ့ စာအုပ်လေးရှိတယ်။ အဲ့ဒါက “ Man’s Search For Meaning ” စာအုပ်လေး။ အဲ့စာအုပ်ထဲမှာ အသက်ရှင်သန်ချင်စိတ်မရှိ လောက်တဲ့အခြေအနေမှာ ဘယ်လိုကြိုးစားရှင်သန်သွားရမလဲဆိုတာကို လမ်းညွှန်ပေးခဲ့တဲ့ စာအုပ်ကောင်း လေး။ အဲ့ဒါကပဲ ကျွန်တော်ဘယ်လိုရှေ့ဆက်ရမလဲဆိုတာကို လမ်းညွှန်ပေးခဲ့တယ်။

ဒါကြောင့် စာအုပ်စာပေ ဖတ်ရှုခြင်းက သင့်ရဲ့စိတ်ပိုင်းဆိုင်ရာ အတွက် တည်ငြိမ်အေးချမ်းမှုကို များစွာရရှိ စေသလို ရှေ့ ဆက်လျှောက်ဖို့အတွက်လည်း လမ်းမှန်ကို ညွှန်ပြပေးပါလိမ့်မယ်။ အခုပဲ စာစဖတ်ဖို့ စဉ်းစားနေရင် “ MyanLearn စာအုပ်အနှစ်ချုပ် ” မှာ ဖတ်ကြည့်ဖို့ အကြံပြုချင်ပါတယ်ရှင့်။ ဆောင်းပါးလေးဖတ်ရတာ ကိုယ့်အတွက် အားသစ်တစ်ခု မွေးဖွားနိုင်ခဲ့ရင် အခြားမိတ်ဆွေများကိုလည်း ပြန်လည်ဝေမျှပေးဖို့ မေတ္တာရပ်ခံ လိုက်ပါတယ်။

တစ်နိုင်တစ်ပိုင် ကိုယ်အားတဲ့အချိန်လေးမှာ စာဖတ်ချင်သူတွေ၊ အသံသွင်းစာအုပ်တွေ ဖတ်ရှုနားဆင်လိုသူတွေ၊ Online / Offline သင်တန်းတွေကို တစ်နေရာတည်းမှာပဲ ရှာဖွေချင်တယ်ဆိုရင်တော့ တခြားလျှောက်ကြည့်မနေ ပါနဲ့။ MyanLearn App လေးကိုသာ ပြေးသတိရလိုက်ပါ။ App မရှိသေးဘူးဆိုရင် အခုပဲ ‌အောက်ကလင့်ခ်ထဲ ဝင်ပြီး ဒေါင်းလုပ်ခ်ဆွဲယူလိုက်နော်။

Android: https://bit.ly/MLw_20210904 

iOS: https://bit.ly/MLFB_i20210904  

Get MyanLearn Now
Learn English Online

Learn English Online

သင်တန်းရှာမယ်။

သင်တန်းရှာမယ်။

ကူညီရေးသားသူ

profil_image

MyanLearn

Follow

သင့်အတွက် စိတ်ဝင်စားဖွယ် သင်တန်းများ

cover
profile_image

1000000 ကျပ်

Flamingo American English Language Center

Rose Gold Member Course

cover
profile_image

320000 ကျပ်

Myanmar Online Entrepreneur - MOE

Facebook Master Course

cover
profile_image

150000 ကျပ်

Limitless English Language Training Center

Business English Course

cover
profile_image

120000 ကျပ်

The SPACE Language Academy

Business English Course (Level-3)

cover
profile_image

98000 ကျပ်

The SPACE Language Academy

Business English Course (Level-2)

အလားတူ စိတ်ဝင်စားဖွယ် ဆောင်းပါးများ

အားလပ်ချိန်မှာ အင်္ဂလိပ်စကားပြော လေ့လာတော့မယ်ဆိုရင် ဘယ်လိုအချက်တွေလိုက်နာရမလဲ ??

အင်္ဂလိပ်စကားပြော ကျွမ်းကျင်အောင် သေချာ စနစ်တကျ စလေ့လာမယ်

featured_image

MyanLearn

22 Nov, 2021

30

86

47

အင်္ဂလိပ်စွမ်းရည်ကြောင့် လုပ်ငန်းတိုးတက်စေနိုင်တဲ့ အကျိုးကျေးဇူးများ

အင်္ဂလိပ်စွမ်းရည်မှ လုပ်ငန်းခွင်စွမ်းရည် တိုးတက်ခြင်းစီသို့

featured_image

MyanLearn

16 Nov, 2021

4

8

3

"ညှိနှိုင်းသဘောတူ လက်ခံမှုယူ" စာအုပ်အနှစ်ချုပ်လေးကို Videoလေး နှိပ်ပြီး အစမ်းနားထောင်လိုက်ပါ။

"ညှိနှိုင်းသဘောတူ လက်ခံမှုယူ"

featured_image

MyanLearn

16 Nov, 2021

8

23

18

MyanLearn

အခန်းနံပါတ် ၇ အေ၊ တိုက်အမှတ် ၅၊ အရှေ့ရွှေဂုံတိုင်လမ်း၊
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့

MyanLearn နဲ့ အနီးကပ်လေး ရှိချင်ရင်..